တောင်တွင်းကြီးမြို့နယ်၊ တလုပ်ပင်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် (၁၀.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဘေးအန္တ ရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ တလုပ်ပင်ကျေးရွာရှိ အခြေခံ ပညာမူလတန်း လွန်ကျောင်း၊ တန်းစီကွင်း၌ ဆရာ/ ဆရာမ (၁၂)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၂၀၀)ဦးတို့အား စားသုံးသူကာကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲတွင် တောင်တွင်းကြီးမြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးက ကုန်အညွှန်း အမှတ် အသားဆိုင်ရာသိကောင်းစရာများ အကြောင်းအားလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ဦးစီးဌာန၊ ဒု-ဦးစီးမှူး ဒေါ်ခိုင်မို့မို့ဇင်က သဘာဝမီးဘေးအန္တရာယ် ကျရောက်ခဲ့ပါက မည်ကဲ့သို့ ကာကွယ်လုပ်ဆောင်ကြရမည့်အကြောင်း ကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ် တိုင်းရင်း ဆေးမှူး ဒေါ်ခင်မေဦးက အရိုးကျမ်းမာသန်စွမ်းရေးအတွက် မည်သည့်အသီးအနှံများ စားသုံးသင့်ကြောင်းကို လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒေါ်ခင်မျိုးဆွေက အားကစားနှင့် လူငယ်များ၏ အရေးပါပုံအကြောင်းကိုလည်းကောင်း အသိပညာပေးဆွေးနွေးခြင်း များဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)