
မအူပင်ခရိုင်၊ စားဿုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ခရိုင်ဝန်ထမ်းများသည် (၇-၁၂-၂၀၂၅)ရက်နေ့ နံနက်(၁၁)နာရီ အချိန် ပန်းတနော်မြို့နယ်တာဝန်ခံရုံးတွင် ဆန်ဆိုင်ရောင်းချသူလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းရှင်အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးဦးဇော်မင်းမှ လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းကို စဉ်ဆက်မပျက် ဆောင်ရွက်အသိပေး လျက်ရှိကြောင်း၊ ပြည်တွင်းဒေသထွက် စားသုံးဆန်များအား သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချရေး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက လစဉ်ထုတ်ပြန်လျက်ရှိသည့် ဆန်အမျိုးအစားအလိုက် သင့်တင့် မျှတသော ဈေးကွက်၊ ဈေးနှုန်းထုတ်ပြန်ချက် (ဆန်ရည်ညွှန်းဈေးနှုန်းများ)ကို သိရှိလိုက်နာဆောင်ရွက်ရန်၊ ပြည်တွင်းဆန်ဈေးကွက်အတွင်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ အရောင်းအဝယ်မှန်စွာဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို ရှင်းလင်းခြင်း၊ ဥပဒေပါ တားမြစ်ချက်များကို လုပ်ငန်းရှင်တို့မှ လိုက်နာရန်ပျက်ကွက်ပါက ပြစ်မှုကြောင်းအရ အရေးယူခံရ မည်ဖြစ်ကြောင်း၊ ဆန်ဆိုင်လုပ်ငန်းရှင်များ မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရပြီး ဆန်ဆိုင်လုပ်ငန်း (၇)ဦးတက်ရောက်လာပြီး သိလိုသည်များကို တင်ပြဆွေးနွေးရာ မအူပင်ခရိုင်ဦးစီးမှူးက ပြန်လည်ဖြေကြားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
Doca(ဧရာဝတီ)
