ဇလွန်မြို့နယ် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာအသိပညာပေးဟောပြောခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံသည် (၇.၁၂.၂၀၂၅)ရက်နေ့ နံနက်(၀၈:၄၅) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ လမ်းမတော်(မ)ရပ်ကွက်ရှိ မြို့မဈေးတာဝန်ခံရုံး၌ ကုန်စုံဆိုင်နှင့် စတိုး ဆိုင်လုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်း ဆောင်ရွက် ခဲ့ပါသည်။

     ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်စင်ဦးက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း ဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်းမှတစ်ဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချ သည့် လုပ်ငန်းကိုဆိုလိုကြောင်း၊ အွန်လိုင်းမှဈေးဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက် များကို ရှင်းလင်းဆွေးနွေးခြင်း၊ အွန်လိုင်းရောင်းချသူများမှ စားသုံးသူပြည်သူများအား လိမ်လည်မှု ပုံစံ(၂)မျိုး၊ စားသုံးသူများက အွန်လိုင်းဝယ်ယူသည့်အခါ စိစစ်သင်သည့်အချက်များ၊ မှတ်ပုံတင်ထားသည့် အွန်လိုင်း ရောင်းချမှု  လုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့် အကျိုးရလာဒ်များ၊ အွန်လိုင်း ဈေးဝယ်ယူ ခြင်းဖြင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်း ဆောင်ရွက်မှု အခြေအနေများအား အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)