ဇလွန်မြို့နယ် ကမ်းနားရပ်ကွက်ရှိ လက်လီကုန်စုံဆိုင်မှတစ်ဆင့် ပြည်သူများထံဆီဖြန့်ဖြူးမှုအားမြေပြင် ကွင်းဆင်း စိစစ်ခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၇.၁၂.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ကမ်းနားရပ်ကွက်ရှိ စားအုန်းဆီလက်လီရောင်းချသည့်လုပ်ငန်းရှင်ကိုယ် စားလှယ်များမှတစ်ဆင့် စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင် ရောင်းချမှု မရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့် ရာနှုန်းပြည့် မီအောင် ရောင်းချပေးစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန် ပြည့်ဝစွာပြည်သူများသို့ ဖြန့်ဖြူးရောင်းချစေရေးနှင့် စားအုန်းဆီဖြန့်ဖြူး ရောင်းချပေးနေမှုများအား စိစစ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA (ဧရာဝတီ)