ဂျုံခေါက်ဆွဲလုပ်ငန်းများအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ () ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင်(ဦးစီးမှူး) ဦးဆောင်ကာ  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့နှင့်ပူးပေါင်း၍    တာချီလိတ်မြို့ရှိ ဂျုံခေါက်ဆွဲ လုပ်ငန်းများအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက် ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် လုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့်အညီ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကို သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထိုနောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည်လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများ စနစ်တကျသိုလှောင်ရန်၊ သက်ဆိုင်ရာဌာနများ၏လုပ်ငန်းလိုင်စင်များပြုလုပ်ရန်နှင့်  စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကိုလိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)