
စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးဆောင်သော ဝန်ထမ်းများသည် ၉.၁၂.၂၀၂၅ ရက်နေ့တွင် တောင်ကြီးမြို့ရှိ အထည်အလိပ်၊အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ ဌာနမှ တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် ရောင်းချသော လုပ်ငန်းအား မှတ်ပုံတင်လက်မှတ် လျှောက်ထားမှုနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးရာတွင် လျှောက်လွှာပုံစံတွင် ထည့်သွင်းထားသည့် လိပ်စာအတိုင်း မြေပြင်တွင် အမှန်အတကယ်ရှိ/မရှိ၊ မှတ်ပုံတင်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအမှန်တကယ်ရှိ/မရှိတို့အား မေးမြန်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
