
ဂေါ်ရခါးသီးသည် ရှမ်းပြည်နယ်တွင် အများဆုံး စိုက်ပျိုးကြပြီး ဂေါ်ရခါးသီးသည် ကိုယ်ခံ စွမ်းအားကိုမြှင့်တင်ပေးနိုင်ပြီး ကိုယ်ခန္ဓာအတွက်လိုအပ်သော အာဟာရနှင့်သတ္တုဓါတ်များစွာ ပါဝင် သဖြင့် ဂေါ်ရခါးသီးအား အသားနှင့်တွဲဖက် ချက်ပြုတ်စားသောက်ခြင်း၊ ကြော်စားခြင်း၊ ဟင်းချို ချက်စားခြင်း၊ သုတ်စားခြင်း၊ အတို့အမြှပ်အဖြစ်စားသုံးခြင်း၊ ကျန်းမာရေးလိုက်စားသူအချို့သည် ဂေါ်ရခါးသီးအား ဖျော်ရည်အဖြစ် ဖျော်သောက်ခြင်းများအပြင် အမျိုးမျိုးပြုလုပ်စားသုံးကြပါသည်။
ထားဝယ်မြို့ပေါ်တွင်ဂေါ်ရခါးသီးအား ရှမ်းပြည်နယ်မှတိုက်ရိုက်ဝယ်ယူရောင်းချခြင်း၊ ရန်ကုန် ၊ မန္တလေးပွဲရုံများမှ တစ်ဆင့်ဝယ်ယူရောင်းချသည့်အပြင် ထားဝယ်မြို့အနီးရှိ မြေအစိုဓါတ်ရှိသည့် အချို့သောကျေးရွာများတွင် ဂေါ်ရခါးသီးပင်အား စိုက်ပျိုးကြပြီး ပွင့်သီးထွက်ရှိလာသော ဂေါ်ရခါး သီး များအား အိမ်စားသုံးခြင်း၊ ကျေးရွာစျေးများတွင်ရောင်းချခြင်း၊ ထားဝယ်မြို့ပေါ်ရှိ စျေးများတွင် ရောင်း ချကြခြင်းဖြင့် ဒေသတွင်းမိသားစု ဝင်ငွေများရရှိလျက်ရှိပါသည်။ ယခုဒီဇင်ဘာလ ဒုတိယအပတ် အတွင်း ထားဝယ်မြို့ပေါ်ရှိ ကုန်စိမ်းစျေးနှင့် ကမ်းနားစျေးတို့တွင် ဂေါ်ရခါးသီးတစ်လုံးလျှင် ၅၀၀ ကျပ် ဖြင့်ရောင်းချပြီး အခြားကိုယ်ပိုင်စျေးငယ်များတွင် တစ်လုံးလျှင် ၆၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း အဆိုပါစျေးများရှိ ကုန်စိမ်းသည်များထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)
