
၅.၁၂.၂၀၂၅ ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူနှင့် ဝန်ထမ်းများသည် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ (အ.ထ.က) ဘီးလင်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဘီးလင်းမြို့နယ်ပညာရေးမှူး ဦးဝင်းရှိန်မှ အဖွင့် အမှာစကားပြောကြား၍ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူမှ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက် လုပ်ငန်းတာဝန်များကို ဟောပြောရှင်းလင်းပြီးနောက်၊ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းမှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများ ကို ဟောပြောဆွေးနွေးပြီး စားသုံးသူများဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်လာပါက တိုင်ကြားဖြေရှင်း နိုင်သည့်နည်းလမ်းများနှင့် ထိုနည်းလမ်းများထဲမှ Consumer Call Center သို့ ဆက်သွယ် တိုင်ကြားနိုင်သည့်နည်းလမ်းအား လက်တွေ့ဖုန်းခေါ်ဆိုဆွေးနွေးပြသခဲ့ပြီး စားသုံးသူရေးရာ ဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးအေးထံသို့ ဌာန၏ လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ပါသည်။ ထိုဟောပြောဆွေးနွေးပွဲသို့ မြို့နယ်ပညာရေးမှူး ဦးဝင်းရှိန်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးအေးနှင့် ဆရာ/ဆရာမ (၂၀) ဦး၊ ကျောင်းသား/ ကျောင်းသူ (၃၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
