
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက် နေ့လည် (၁၃း၃၀) အချိန်၊ ဟင်္သာတမြို့နယ်၊ ဒူးယားမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ ကွင်းအမှတ် (၁၄၈၄)၊ ဦးပိုင်အမှတ် (၉၄၁)ရှိ တောင်သူ ဦးကြည်စိုး ပိုင် လယ်မြေ (၃.၀၀) ဧက၌ ၂၀၂၅- ၂၀၂၆ ခုနှစ်၊ ဆောင်းဆီထွက်သီးနှံ နေကြာစံပြကွက်စိုက်ပျိုးပွဲ ပြုလုပ်ခဲ့ရာ နေကြာစံပြကွက် စိုက်ပျိုးပွဲသို့ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ အတွင်းရေးမှူး ဦးမျိုးမြင့်နှင့်အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ အတွင်းရေးမှူး ဦးစောဝင်းရွှေ နှင့်အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့နယ်တာဝန်ခံ ဦးမိုးကျော်၊ ဒူးယားမြို့အုပ်ချုပ်ရေးမှူး ဦးနေအောင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေး မှူး များနှင့် ဒေသခံတောင်သူ များ စုစုပေါင်းအင်အား (၃၀)ဦးခန့် တက်ရောက်ခဲ့ပြီး၊ အဆိုပါ နေကြာစံပြကွက်စိုက်ပျိုးပွဲတွင် ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ အတွင်းရေးမှူး ဦးမျိုးမြင့်၊ ဟင်္သာတမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ အတွင်းရေးမှူး ဦးစောဝင်းရွှေ တို့မှ ဦးဆောင်ကာ နေကြာစံပြကွက် စိုက်ပျိုးပွဲ တက်ရောက်လာသူများနှင့် ဒေသခံတောင်သူများ စုပေါင်း၍ ရေဆင်းစပ်မျိုး(၁)၊ ဆီထွက် သီးနှံဆောင်းနေကြာအား အစေ့ချစိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)
