ရုံးချုပ်မှ ကျင်းပပြုလုပ်သော MyRo တွင် ဆန်စပါးသိုလှောင်ရုံများမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခွင့်လျှောက်ထားခြင်းနှင့်စပ်လျဥ်းသည့် အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှတက်ရောက်

Powered by Drupal

  ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၊ ၅ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၊ နေပြည်တော်မှ ကျင်းပပြုလုပ်သည့် မြန်မာဆန်စပါးအွန်လိုင်း MyRo တွင် ဆန်စပါးသိုလှောင် ရုံများမှတ်ပုံတင်စာရင်းမှပယ်ဖျက်ခွင့်လျှောက်ထားခြင်းနှင့်စပ်လျဥ်းသည့်အစည်းအဝေးသို့ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးနှင့် MyRo တာဝန်ခံ ဦးစီးအရာရှိတို့မှ Online Virtual စနစ်ဖြင့်တက်ရောက်ခဲ့ ပါသည်။

          အဆိုပါ အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့် အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးမှ MyRo စနစ်တွင် သိုလှောင်ရုံမှတ်ပုံတင် ပယ်ဖျက်ခြင်း၊ လစဥ် ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်စာရင်းများ ဖြည့်သွင်း နိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးခြင်း တက်ရက်လာကြသော တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများမှ အထွေထွေဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကာ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးအား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)