ရေထွက်ကုန်များထွက်ရှိရာ မြိတ်မြို့ရှိ ပုဇွန်ခြောက်စျေးနှုန်းစျေးကွက်

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ရေပတ်လည်ဝိုင်းနေသည့်အတွက် မြိတ်မြို့အတွင်း ရေးထွက်ကုန်ပစ္စည်းများရောင်းချနေသည့်အပြင် ဒေသထွက်ရေထွက်ကုန်များမှ ပြုလုပ်ထားသော ငါးခြောက်၊ ပုဇွန်ခြောက်များဖြင့် စျေးကွက်အတွင်းဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ပုဇွန်ခြောက်ကို ဒေသထွက် လက်ဆောင်ပစ္စည်းအဖြစ် လူသိများပြီး လက်ဖက်သုတ်နှင့် အခြားသော အသုတ်များတွင် အဓိကထားသုံးစွဲကြသည်။  မြိတ်မြို့တွင် ၂၅ကျပ်သား ပုဇွန်‌ခြောက်တစ်ထုတ်လျှင် ကျပ် ၂၅၀၀၀ ကျပ် ခန့်ရှိပြီး အရွယ်အစားကြီးပါက ၃၅၀၀၀ကျပ်ခန့်ထိစျေးရရှိကြောင်း၊ ၅၀ကျပ်သားလျှင် ၅၀၀၀၀ ကျပ်မှ ၆၀၀၀၀ကျပ်ခန့်အထိရှိကြောင်း ရေထွက်ကုန်ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)