ဓနုဖြူမြို့နယ် နိုဝင်ဘာလ ၁လတာ ဆန် ဆန်ကွဲ စီးထွက်မှု အခြေအနေ

Powered by Drupal

    မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှ စိုက်ပျိုးထွက်ရှိသော စပါးများကို ဆန်စက်များမှ ကြိတ်ခွဲပြီး ထွက်ရှိလာသော ဆန်/ဆန်ကွဲများကို ရန်ကုန်သို့ နေ့စဉ် တင်ပို့လျက်ရှိပါသည်။ ၂၀၂၅ခုနှစ် နိုဝင်ါဘာလ ၁လတာအတွင်း  ဆန်တင်ပို့မှု ၁၃၈၆၄ အိတ်နှင့် တန်အားဖြင့် ၆၉၃ အိတ်၊  ဆန်ကွဲအနေဖြင့် ၁၀၂၅၁ အိတ်၊ တန်အားဖြင့် ၅၁၂ တန်၊ ယခင်လတင်ပို့မှုမှာ နှိုင်းယှဉ်ပါက  ဆန် ၁၂၈၀ အိတ် လျော့နည်းတင်ပို့ပြီး ဆန်ကွဲအနေဖြင့်  ၉၄၀၁ အိတ် ပိုမို တင်ပို့ကြောင်း သိရသည်။

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အနေဖြင့် ဆန်စက် ၂၅ စက်ရှိပြီး ဒေသထွက်ရှိသော ဆန်နှင့် ဆန်ကွဲများကို ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း၊ သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း ပန်းပဲတန်းမြို့၊ Asiaworld ဆိပ်ကမ်းအလုံမြို့၊ ဇုန်-၂ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့၊ ယုဇန ၂လမ်း၊ ဘုရင့်နောင်မြို့၊ ၁ရပ်ကွက်မရမ်းကုန်းမြို့၊ ကျိုက်ဝိုင်းဈေး၊ မရမ်းကုန်းမြို့၊ ပဲခူးဈေးကြီး၊ ပဲခူးမြို့၊ သုဇနလမ်း၊ ထောက့်မြို့၊ ရွှေလင်ပန်းစက်မှု ဇုန်လှိုင်သာယာမြို့၊ ပိတောက်လမ်း ဘုရင့်နောင်၊ AWPT ဆိတ်ကမ်းအလုံမြို့ တို့သို့ တင့်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)