
ငါန်းဇွန်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သောမြို့နယ်တစ်မြို့ဖြစ်ပြီး ဆီထွက်သီးနှံများ ဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာနှင့် ပန်းနှမ်းတို့ကိုလည်း အဓိက စိုက်ပျိုးကြောင်း သိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းမြေပဲ လျာထားဧက (၃၃၂၃)ဧက လျာထားခဲ့ပြီး စိုက်ပျိုးမှု(၂၇၃၄)ဧက စိုက်ပျိုးထားကြောင်း သိရသည်။ ယခင်နှစ် ဆောင်းမြေပဲ လျာထားဧက (၃၃၁၅)ဧက၊ စိုက်ပျိုးဧက(၃၃၀၁)ဧက အထွက်နှုန်းမှာ (၆၃.၁၀)တင်းနှင့် အထွက်တင်း ပေါင်း(၂၀၈၂၉၃)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။ ငါန်းဇွန်မြို့နယ်သည် မိုးကောင်း ရေသောက် မြို့နယ်ဖြစ်သောကြောင့် စိုက်ပျိုးသောမျိုးများမှာ ဆင်း-၁၁၊ SP- 121 မျိုးနှင့် ကျောင်းကုန်းမျိုးများကိုသာ အများဆုံးစိုက်ပျိုးကြောင်း သိရသည်။ ယခင်နှစ် ပေါ်စချိန်တွင် မြေပဲတောင့် တစ်တင်းလျှင် ဈေးနှုန်းမှာ (၃၅၀၀၀)ကျပ်ဖြင့် ကျေးရွာများသို့ တိုက်ရိုက်ဝယ်ယူသော ပွဲစားများရှိသလို မန္တလေးမြို့သို့ ဆီဆံခွဲ၍ ရောင်းချကြောင်း သိရသည်။
DOCA(မန္တလေး)
