
ငါန်းဇွန်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သောမြို့နယ် တစ်မြို့ဖြစ်ပါ သည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် အစေ့ထုတ်ပြောင်းလျာထားဧက (၂၇၄၂)ဧက လျာထားခဲ့ပြီး စိုက်ပျိုးဧက (၃၆၆၉)ဧက စိုက်ပျိုးခဲ့ပြီး အထွက်နှုန်းအနေဖြင့် (၇၈.၉၀)တင်း ထွက်ရှိပြီး အထွက်တင်းပေါင်း(၂၈၉၄၈၄)တင်း ထွက်ရှိကြောင်း သိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ် အစေ့ထုတ် ပြောင်းလျာထားဧက(၃၆၆၉)ဧက လျာထားခဲ့ပြီး စိုက်ပျိုးမှု(၄၂၅၉) ဧက စိုက်ပျိုးထာပြီး ဒီဇင်ဘာ လဆန်းထိ ရိတ်သိမ်းပြီးစီးမှုအနေဖြင့် (၇၂၀)ဧက ပြီးစီး၍ အထွက်နှုန်းမှာ(၇၈.၇၀)တင်းနှင့် အထွက် နှုန်းပေါင်း (၅၆၆၆၄)တင်းထွက်ရှိကြောင်း သက်ဆိုင်ရာဌာနစာရင်းအရ သိရှိရသည်။ ငါန်းဇွန်မြို့ နယ်သည် မိုးကောင်းရေသောက် မြို့နယ်ဖြစ်သောကြောင့် နွားစာတိရစ္ဆာန်အစာရှားပါး သောကြောင့် ဖူးစားပြောင်းရိုးများကို နွေရာသီနွားစာရှားပါးချိန် နွားစာဖူလုံရန်အတွက် အများဆုံး စိုက်ပျိုး ကြကြောင်း သိရသည်။ ကျောက်ဆည်မြို့နယ်၊ မြစ်သားမြို့နယ်နှင့် တံတားဦးမြို့နယ် များတွင် ဆည်ရေဖြင့်စိုက်ပျိုးသော နှမ်းစိုက်ခင်းများ ပေါ်ချိန်တွင် နွားစာများ သွားရောက်ဝယ်ယူရပါ ကြောင်း သိရသည်။
DOCA(မန္တလေး)
