တိရိစ္ဆာန်အစာဈေးမြင့်၍ ပဲဖတ်၊နှမ်းဖတ်နေကြာဖတ်များဈေးကောင်းလျက်ရှိ

Powered by Drupal

   မိတ္ထီလာမြို့နယ်၌ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများကို ဒေသတွင်း ဆီစက်များမှ တိရိစ္ဆာန်အစာဈေးကွက်ပေါ်မူတည်၍ ကြိတ်ခွဲထုတ်လုပ်မှုများလာပြီး ပဲဖက်၊ နှမ်းဖက်၊ နေကြာဖတ်များ ဈေးကောင်းရလာကြောင်းသိရပါသည်။ ဆီကြိတ်ဖတ်များကို ဒေသတွင်း တစ်နိုင် တပိုင်မွေးမြူရေးလုပ်ငန်များအပြင် မန္တလေးမြို့ တိရိစ္ဆာန်အစာတောင့်စက်ရုံများမှလည်း ဝယ်ယူလျက်ရှိ ကြောင်းသိရပါသည်။

   ယခု ဒီဇင်ဘာလပထမပတ် မိတ္ထီလာဈေးကွက်တွင် ဖြစ်ပေါ်နေသော ပဲဖတ်နှမ်းဖတ် ဈေးနှုန်း များမှာ ပဲဖတ်တစ်ပိဿာလျှင် (၆၇၀၀-၆၈၀၀)ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၄၄၀၀-၄၅၀၀)ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင်(၃၄၀၀-၃၅၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် ပဲဖတ်တစ်ပိဿာလျှင်(၄၅၀-၅၀၀)ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၄၀၀-၅၀၀)ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင်(၃၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှ မန္တလေးမြို့တိရိစ္ဆာန်အစာတောင့်စက်ရုံများမှ ဝယ်ယူမှုများလာခြင်းကြောင့်ဖြစ်သည် ဟု ဆီစက်လုပ်ငန်းရှင် တစ်ဦးထံမှသိရပါသည်။

DOCA(မန္တလေး)