
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိ ကျေးရွာများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ပထမအပတ်ရှိ ဝါဈေးနှုန်းအနေဖြင့် ဝါပေါက်တစ်ပိဿာလျင် (၅၀၀၀-၅၂၀၀) ကျပ်၊ ဝါဂွမ်း တစ်ပိသာလျင် (၁၁၅၀၀-၁၂၀၀၀) ကျပ်၊ဝါစေ့တစ်ပိဿာလျင် (၂၁၀၀-၂၁၅၀) ကျပ်နှုန်းဖြင့် ဈေး အနည်းငယ်မြှင့်တက်လာပြီး ဝါစေ့ဆီမှာ (၉၃၀၀-၉၅၀၀)ကျပ်ဖြင့် ဈေးနှုန်းကျလျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျေးရွာရှိ ပွဲစားများ၊ မြို့ပေါ်ရှိ ဝါကြိတ်စက်များတွင် ရောင်းချကြကြောင်း၊ ဝါလက်ကားကုန်သည် ဦးသော်သော်မှာ မိတ္ထီလာမြို့ရှိ တပ်မတော် ချည်စက်ရုံသို့ တင်ဒါစနစ်ဖြင့် တင်သွင်းရောင်းချကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
