ရာသီစာပဲချဉ်ပေါင်ရွက်များ စတင်ဝင်ရောက်လျက်ရှိ

Powered by Drupal

  ဆောင်းရာသီကာလဖြစ်သော နတ်တော်လဆန်းအတွင်း မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ထွက်သည့်ရာသီစာ ပဲချဉ်ပေါင်ရွက်(ခေါ်)ပဲကစာလီများ စတင်ဝင်ရောက် လျက် ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ မြန်မာ့ရိုးရာအသုပ်အစားအစာတစ်မျိုးဖြစ်သည့် ပဲချဉ်ပေါင်ရွက်(ခေါ်)ပဲကစာလီများမှာ မန္တလေးမြို့ ၄၁လမ်း၊ ကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလပထမပတ်အတွင်း တစ်ပိဿာလျှင် လက္ကားစျေး ၁၈၀၀၀ ကျပ်နှင့် ၂၀၀၀၀ ကျပ်၊ လက်လီစျေး ၂၂၀၀၀ ကျပ်နှင့် ၂၅၀၀၀ ကျပ်စျေး၊ တဆယ်ကျပ်သားလျှင် ၂၅၀၀ ကျပ်တို့ဖြင့် ရောင်းချ လျှက်ရှိကြောင်း ကုန်စိမ်း ရောင်းချ သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)