
မိတ္ထီလာမြို့မဈေးတွင် အသား/ငါး ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံမျိုးစုံ ရောင်းချလျှက် ရှိပြီး နေ့စဉ်ဈေးရောင်းဈေးဝယ်များဖြင့် စည်ကားလျှက်ရှိပါသည်။ ယခုဆောင်းရာသီကာလတွင် ရာသီစာ ဇီးသီး၊ထောပတ်သီး၊ပန်းသီး၊ မက်မန်းသီးနှင့် ရှမ်းတောင်ဒေသထွက် လိမ္မော်သီးများလည်း အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်းသိရပါသည်။ လိမ္မော်သီးမှာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက် သည့် ရာသီစာ အသီးတစ်မျိုးဖြစ်သည်။
နိုဝင်ဘာလဆန်းမှစ၍ လိမ္မော်သီးများ ဈေးကွက်အတွင်းသို့ လှိုင်လှိုင်ဝင်ရောက်လျှက်ရှိပြီး စားသုံးသူများကြိုက်နှစ်သက်ကြသည့်အတွက် အရောင်းအဝယ်သွက်ကြောင်း ၊လိမ္မေ်သီး (၂၅)ကျပ်သားလျှင် (၂၀၀၀)၊ (၅၀)သားလျှင် (၃၅၀၀)ကျပ် ၊ ပိဿာလုံးဈေး (၇၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်းသိရပါသည်။
DOCA(မန္တလေး)
