
ရွှေဘိုခရိုင်အတွင်းတွင် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် စပါး/ ဆန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ နိုဝင်ဘာလ တတိယပတ်တွင် ရန်ကုန်သို့ (၄၅၇၄၀)အိတ်၊ မန္တလေးသို့ (၄၃၂၃၀) အိတ်၊ နေပြည်တော်သို့ (၅၇၅)အိတ်၊ပဲခူးတိုင်းသို့ (၄၈၂၀)အိတ်၊ မကွေးတိုင်းသို့ (၁၃၂၅)အိတ်၊ ရှမ်း(တောင်)သို့ (၁၂၁၆၅)အိတ်၊ ကချင်ပြည်နယ်သို့ (၃၀၁၀)အိတ်၊ မွန်ပြည်နယ်သို့ (၅၃၃၅)အိတ်၊ ကရင်ပြည်နယ်သို့ (၃၇၂၅)အိတ် ၊မူဆယ်သို့ (၁၈၀)အိတ်၊တနင်္သာရီတိုင်းသို့ (၂၀၀)အိတ် စုစုပေါင်း အိတ်ရေ ၁၂၀၃၀၅ တန်အားဖြင့် ၆၀၁၅တန် စီးထွက်ခဲ့ပါသည်။
ယခု နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ (၄၀၇၈၈)အိတ်၊ မန္တလေးသို့ (၄၇၇၄၈) အိတ်၊ နေပြည်တော်သို့ (၁၆၀)အိတ်၊ ပဲခူးတိုင်းသို့ (၄၂၇၀)အိတ်၊ မကွေးတိုင်းသို့ (၁၅၇၀)အိတ်၊ ရှမ်း(တောင်)သို့ (၁၀၇၉၃)အိတ်၊ ကချင်ပြည်နယ်သို့ (၂၁၀၀)အိတ်၊ မွန်ပြည်နယ်သို့ (၄၆၆၀)အိတ်၊ ကရင်ပြည်နယ်သို့ (၂၂၆၀)အိတ် ၊မူဆယ်သို့ (၆၉၀)အိတ်၊ စုစုပေါင်း အိတ်ရေ ၁၁၅၀၃၉ တန်အားဖြင့် ၅၇၅၂တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၅၂၆၆၊ တန်အားဖြင့် ၂၆၃တန် လျော့၍ စီးထွက်ခဲ့ပါသည်။
ရွှေဘိုမြို့၏ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ် ၅၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၉၀၀၀၀မှ ကျပ် ၂၀၀၀၀၀ ၊ ဧရာမင်းစပါး တင်း 100 လျှင် ကျပ် 2၈00000 ၊ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၂5၀၀၀မှ ကျပ် ၁၃၅၀၀၀၊ ရွှေဝါထွန်းစပါး တင်း100လျှင် ကျပ်1၄00000၊ရွှေဝါထွန်း ဆန် 24ပြည်ပါတစ်အိတ်လျှင် ကျပ် 6၀000မှ ကျပ် ၆၅၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
