
မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းထွန်းဦး (ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့၊ မွန်းလွဲ (၁:၀၀)နာရီအချိန်တွင် မြင်းခြံမြို့၊အမှတ်(၆)ရပ်ကွက်ရှိ “အလင်းရောင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)” သို့ သွားရောက် ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ စားသုံးသူနစ်နာမှု ရှိပါက Call Center ၁၅၃၅ သို့ ဖုန်းခေါ်ဆို၍ အလွယ်တကူတိုင်ကြားနိုင်ရန်နှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့ရာ ဟောပြောပွဲသို့ဆရာ/ဆရာမ(၁၀)ဦး၊ ကျောင်းသား/ကျောင်းသူ(၂၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ဦးဝင်းထွန်းဦး(ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့်အချက်များ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများ နှင့် စားသုံးရန်သင့်/မသင့်ကို စားသုံးသူကိုယ်တိုင် ဝေဖန်သုံးသပ်နိုင်မည့် သိရှိသင့်သည့် ကုန်အညွှန်း အမှတ်အသားပါအချက်အလက်များ၊ စားသုံးသူနစ်နာခြင်းနှင့်ပတ်သက်၍ တိုင်ကြားနိုင်သည့် နည်းလမ်း များကို အသိပညာပေးဟောပြောခဲ့ပြီး မေးခွန်းများမေးမြန်းခြင်း၊ ဆုချီးမြှင့်ခြင်းများနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိရပါသည်။
DOCA(မန္တလေး)
