ဒီဇင်ဘာလတွင် ဂေါ်ရခါးသီးဈေးနှုန်း

Powered by Drupal

    မြင်းခြံမြို့ မြစ်ကမ်းဘေးကျေးရွာများသည် စားဖိုဆောင်ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြပြီး မြင်းခြံမြို့ အေးမြသီတာဈေး၊ မြို့မစည်ပင်သာယာဈေးနှင့် စံပြဈေးတို့တွင် ဖောက်သည်ပေး၍ လည်းကောင်း၊ ကိုယ်တိုင်နံနက်ဈေး၊ ညနေခင်းဈေးများသို့ လာရောက်ရောင်းချကြောင်း သမုန်းကိုင်းကျေးရွာ ကုန်စိမ်းရောင်းချသူ၏ ပြောပြချက်အရ သိရသည်။ ဒေသတွင်း ဟင်းသီး ဟင်းရွက်များအပြင် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ ပခုက္ကူမြို့၊ ပုပ္ပားမြို့တို့မှလည်း ဝယ်ယူ ရောင်းချကြောင်း သိရသည်။ ဒီဇင်ဘာလ ပထမပတ် မြင်းခြံမြို့ အေးမြသီတာဈေးတွင်  ဂေါ်ရခါးသီး ဈေးနှုန်းမှာ (၁)လုံးလျှင် (၃၅၀/၄၀၀)ကျပ်ဖြင့် ပြင်ဦးလွင်မြို့မှ ဝယ်ယူရောင်းချကြောင်း သိရသည်။ ဂေါ်ရခါးသီးကို အတို့အမြှပ်အနေဖြင့် ပြုတ်၍လည်းကောင်း၊ ဂေါ်ရခါးသီးနှင့် ကြက်ဥ ရောကြော်၍ လည်းကောင်း၊ သီးနှံစုံ ကြော်ချက်စား၍ လည်းကောင်း စားသောက်သုံးစွဲကြသဖြင့် ပုံမှန်အရောင်း အဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)