မြင်းခြံမြို့နယ်တွင် ဝါသီးနှံများ စတင်ခူးဆွတ်

Powered by Drupal

 မြင်းခြံမြို့နယ်သည် ဝါစိုက်ဧက (၈၉၀၈) ဧကရှိရာ ယခုဒီဇင်ဘာလကုန်တွင် (၃၉၅)ဧကရိတ်သိမ်းပြီးဖြစ်ကြောင်း၊ အထွက်နှုန်း(၅၃၅.၃၂)ပိဿာထွက်ရှိပြီး အထွက်ပေါင်း ( ၁၆၇၃၆၉)ပိဿာ ထွက်ရှိကြောင်း သိရသည်။ စိုက်ပျိုးသော မျိုးများမှာ ဝါကြီးမျိုး၊ မလှိုင်ဝါ နှင့် ခ.မ.ရ ဝါ မျိုးများကို စိုက်ပျိုးကြောင်း သိရသည်။ မြင်းခြံမြို့၊ စက်မှုဇုန်ရှိ သိန်းရာဇာ စက်ရုံသို့ ဝါများ အရောင်းအဝယ်  ဖြစ်လျက်ရှိကြောင်း၊ ပေါ်စချိန်တွင် တစ်ပိဿာလျှင် (၄၀၀၀/၄၅၀၀)ကျပ်ဖြင့် တစ်ရက်လျှင် အချိန် (၅၀၀/၁၀၀၀) ပိဿာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ၊ ဝါစေ့ တစ်ပိဿာ လျှင် (၁၄၀၀)ကျပ် ဖြင့် ဈေးနှုန်းရှိကြောင်း သိရသည်။ ဝယ်ယူသောဝါများကို အခြောက်လှန်းခြင်းပြုလုပ်ပြီး မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း၊ ကြိတ်ခွဲခြင်း မရှိကြောင်း သိရသည်။

DOCA(မန္တလေး)