ပန်းတနော် မြို့နယ်တွင် ဆန်ဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

   မအူပင်ခရိုင်၊ ပန်းတနော် မြို့နယ်တွင် ဆန်ဈေနှုန်း တည်ငြိမ်ကျဆင်းရေးအတွက် ပန်းတနော် မြို့မဈေး အတွင်း ရောင်းချနေသော ဆန်ဆိုင်(၁၂)ဆိုင်သို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ ပါ၀င်သော ပူးပေါင်းအဖွဲ့တို့ဖြင့်(၂-၁၂-၂၀၂၅)ရက်၊ နံနက် (၈)နာရီအချိန်တွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ကိုက်ညီစွာ ရောင်းချမှု ရှိမရှိကို ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
    ထိုသို့ကွင်းဆင်းစိစစ်ခဲ့ရာတွင် မြို့နယ်အတွင်း ဆန်စက်များမှ ဝယ်ယူရောင်းချသော ဆန်များအား သတ်မှတ်ထားသည့်ဈေးနှုန်းထက်ကျော်လွန်ရောင်းချခြင်းမပြုလုပ်ရန် ၊ ဈေးနှုန်းဖော်ပြ ထားရှိမှုများကို ကိုက်ညီမှု ရှိမရှိ စစ်ဆေးခြင်း၊ ဆန်ရောင်းချမှုနှင့် ဆန်ဆိုင်အတွင်း ဆန် လက်ကျန်အရေ အတွက်များမေးမြန်းခဲ့ပြီး ဌာန လမ်းညွှန်ချက်များကို ဆိုင်ရှငါများ သိရှိနိုင်ရန် မှာကြားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)