
စားဖိုဆောင်အုပ်စုဝင်ဖြစ်သော ချင်းသီးနှံကို ဟင်းခက်အမွှေးအကြိုင်အဖြစ် လူအများ အသုံး ပြုကြကြောင်း၊ မြင်းခြံမြို့နယ်အတွင်းရောင်းချနေသော ချင်းများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့နှင့် မန္တလေးမြို့ကုန်စိမ်းပွဲရုံများမှ တင်သွင်းရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၌ အေးမြသီတာဈေးနှင့် စံပြဈေးများတွင်ရောင်းချနေသော ချင်းတစ်အသစ်အခက်ကြီး တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ချင်းတက်အလတ် တစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊ ချင်းတက်အငယ် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်ခန့်ပေါက်ဈေးများဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင် လနှင့်နှိုင်းယှဉ်ပါက ယခုလတွင် ချင်းတက်အစစုံ တစ်ပိဿာလျှင် (၁၀၀၀)ကျပ်ခန့် ဈေးမြင့်တက် ခဲ့ကြောင်း၊ ဂျင်းတက်အသစ်များ အရည်အသွေးကောင်းပြီး အထားခံသောကြောင့် ဈေးမြင့်တက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ချင်းတက်သည် ကိုယ်ခံအားကောင်းသောကြောင့် စားသုံးမှုများပြားပြီး အရောင်း အဝယ်ကောင်းကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ဟင်းခက်အမွှေး အကြိုင်အဖြစ် ကြက်သွန်ဖြူ၊ ငရုတ်ကောင်းနှင့်ရောစပ်ကာ ဟင်းလျာများတွင် ချက်ပြုတ်စားသုံးကြကြောင်း၊ စားသောက်ကုန်၊ ဆေးဝါး၊ စက်မှုလုပ်ငန်း စသည့်နယ်ပယ်စုံတွင်အသုံးပြုကြကြောင်း၊ ချင်းသည် သဘာဝဆေးဘက်ဝင် အပင်ဖြစ်သလို စီးပွားရေးအရလည်း အရေးပါသော သီးနှံတစ်ခု ဖြစ်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
