“မုန်လာဥဖြူဈေးနှုန်းဈေးကွက်”

Powered by Drupal

    မန္တလေးမြို့ရှိ ဈေးများသို့ ရှမ်းပြည်၊ အောင်ပန်းမှ မုန်လာဥဖြူများ ဝင်ရောက်လျက်ရှိပြီး မုန်လာဥသီးနှံသည် တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရကြောင်း ၊ အေးသောဒေသနှင့် အပူပိုင်းဒေသ တွင်လည်း စိုက်ပျိုးဖြစ်ထွန်းကြောင်း ပြင်ဦးလွင်၊ နောင်ချိုနယ် များတွင်လည်း စိုက်ပျိုးကြ ကြောင်း ၊ မုန်လာဥကို တစ်ပိုင်တစ်နိုင်အနေဖြင့် စိုက်ပျိုးကြကြောင်း၊ ဟင်းသီးဟင်းရွက်များ ထဲမှ အဟာရဓာတ် အများဆုံးပါဝင်သော မုန်လာဥဖြူကို လူအများနှစ်ကြိုက်စွာ စားသုံး လျက်ရှိကြောင်း၊ မုန်လာဥဖြူကို အချဉ်ရည်ဟင်း၊ ဟင်းချိုချက်၍လည်း စားသုံးကြကြောင်း၊   အတို့ အမြုပ်အဖြစ်လည်း  စားသုံးကြသလို မုန်လာဥကို အချဉ်တည်၍လည်း ပြန်လည်ရောင်းချ လျက်ရှိကြောင်း၊ မုန်လာဥဖြူအား စားသုံးခြင်းဖြင့် ကင်ဆာဖြစ်စေနိုင်သော အရာတွေကို တိုက်ထုတ်ပေး ခြင်း၊ အစာခြေစနစ်ကို ကျန်းမာစေနိုင်ခြင်း ၊ ကိုယ်ခံအားကောင်းစေခြင်း နှင့် နှလုံးကိုကျန်းမာစေ ကြောင်း ၊ အမျှင်ဓာတ်များစွာ ပါဝင်သောကြောင့် မုန်လာဥဖြူကိုနေ့စဉ် စားသုံးသင့်ပါကြောင်း၊  မုန်လာဥ ဈေးနှုန်းအနေဖြင့် ယခု ဒီဇင်ဘာလဆန်းပိုင်းတွင် တစ်စည်းလျှင် လက်ကားဈေး (၁၅၀၀/-)ကျပ်၊ လက်လီတစ်စည်းလျှင်(၂၀၀၀) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိ ကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရသည်။    

DOCA(မန္တလေး)