ကြက်ဥ၊ ဘဲဥ၊ ငုံးဥ ဈေးကွက်

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊မြို့ဟောင်းဈေးတွင် ရောင်းချလျှက် ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်း ကြက်ခြံ၊ ဘဲခြံများ နှင့် ပြင်ဦးလွင်ဒေသမှ  ဝယ်ယူရောင်းချလျှက်ရှိကြောင်း သိရှိရသည်။ နိုဝင်ဘာလ နောက်ဆုံးအပတ်တွင် ဖြစ်ပေါ်ခဲ့သော ကြက်ဥ၊ ငုံးဥ၊ ဘဲဥဈေးနှုန်းများမှာ အလုံးအကြီး အသေး ပေါ်မူတည်၍ ကြက်ဥတစ်လုံးလျှင်(၄၀၀/၄၅၀)ကျပ်၊ ဘဲဥတစ်လုံးလျှင်(၆၀၀/၇၀၀)ကျပ်၊ ငုံးဥ(၁၀) လုံးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိခဲ့ပါသည်။ ယခု ဒီဇင်ဘာလ ဆန်းပိုင်းတွင် ကြက်ဥတစ်လုံးလျှင်(၄၀၀/၅၀၀) ကျပ်၊ ဘဲဥတစ်လုံးလျှင်(၆၀၀/၇၀၀)ကျပ်၊ ငုံးဥ (၁၀)လုံးလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း ကြက်ဥ၊ ဘဲဥ၊ ငုံးဥ ရောင်းချသူ ထံမှ သိရှိရသည်။

DOCA(မန္တလေး)