ဗူးသီးဈေးနှုန်းဈေးကွက်

Powered by Drupal

    မန္တလေးမြို့တွင်းသို့ သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်၊ ကြက်သွန်တို့အပြင် ဗူးသီး သီးနှံများလည်း ဝင်ရောက်လျက်ရှိပါသည်။ ဗူးသီးစိုက်ပျိုးရာတွင် မြေဆွေး၊ မြေဩဇာများသမအောင်ရောမွှေပြီး ဘောင်ပြုလုပ်၍ စိုက်ပျိုးရကြောင်း၊  တစ်ပိုင်တစ်နိုင်အနေဖြင့်လည်း မိမိတို့လယ်ယာများနှင့် နေအိမ်များတွင်လည်း စိုက်ပျိုးကြ ကြောင်း၊ အများဆုံးစိုက်ပျိုးသော ဗူးသီးအမျိုးအစားများမှာ ဗူးသပိတ်၊ဗူးလယ်လှနှင့် ဗူးရှည်မျိုးများ ကိုစိုက်ပျိုးကြကြောင်း၊ ဗူးပင်မှာ တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရပါကြောင်း၊ ဗူးသီးကို  အခင်းထဲထိ လာဝယ်ကြသလို၊ ကိုယ်တိုင်လည်း  ဈေးများသို့  သွားရောက်ရောင်းချကြကြောင်း၊ ဗူးသီးဈေးနှုန်းအနေဖြင့် အရွယ်အစားအပေါ်မူတည်၍ ဖောက်သည်ဈေး (၈၀၀-၁၀၀၀)ကျပ်၊ လက်လီဈေးနှုန်း အနေဖြင့်ဗူးသီးတစ်လုံးလျင်(၁၃၀၀-၁၅၀၀) ကျပ် အထိဈေးများ ရရှိကြောင်း၊ ဗူးညွန့်တစ်စီး (၅၀၀-၇၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သီးနှံမျိုးစုံ ရောင်းချ သူထံမှ သိရှိရသည်။

DOCA(မန္တလေး)