
မန္တလေးစျေးကွက်သို့ ဒီဇင်ဘာလပထမပတ်အတွင်း မန္တလေးတိုင်းဒေသကြီး ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်တို့မှရှောက်သီး၊သံပုရာသီးနှင့်သံပုယိုသီးများ ဝင်ရောက်မှုများပြားလျက်ရှိ ပြီး၊စျေးအနည်း ငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။၂၀၂၅ ခုနှစ်ဒီဇင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်နေ သည့်စျေးနှုန်းများမှာ ၁၀လုံး လျှင်ရေှာက်သီး ၂၀၀၀ ကျပ်နှင့် ၂၅၀၀ ကျပ်၊သံပုရာသီး ၁၀၀၀ကျပ်နှင့် ၁၂၀၀ ကျပ်၊သံပုယိုသီး ၈၀၀ ကျပ်နှင့် ၉၀၀ကျပ်စျေးတို့ ဖြစ်ပေါ်လျက်ရှိပြီး၊ အလုံးအရွယ်အစား အပေါ်မူတည်၍ စျေးအနည်းငယ် ပြောင်းလဲမှုရှိကြောင်းသိရပါသည်။ ရှောက်သီး၊ သံပုရာသီးနှင့် သံပုယိုသီးတို့မှာဝင်ရောက်မှုများပြား သည့်အတွက်စျေးကျဆင်း သွားကြောင်း ရေနီမြောင်းစျေးရှိကုန်စိမ်း ရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)
