ဒီဇင်ဘာလပထမပတ်ရှိ မန္တလေးငရုတ်သီးပွစျေးကွက်

Powered by Drupal

  ဒီဇင်ဘာလပထမပတ်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင် ၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းငရုတ်ပွနှင့်ငရုတ်သီးစိမ်းများ ဝင်ရောက်လျက်ရှိပြီး၊ အရောင်းသွက် လျက်ရှိကြောင်း  သိရှိရပါသည်။စျေးကွက်အတွင်း ပန်းငရုတ်ပွများကို အစိမ်းရောင်၊ အဝါရောင်၊ ခရမ်း‌ရောင်၊အနီရောင်နှင့် လိမ္မော်ရောင်တို့တွေ့ရှိရပြီး၊ အလေးချိန်ဖြင့်ရောင်းချခြင်းနှင့်အလုံး အရွယ် အစားအလိုက် ရောင်းချခြင်းဟူ၍ နှစ်မျိုး တွေ့ရှိရပါသည်။ မန္တလေးမြို့၊သီရိမာလာစျေးနှင့် ၄၁လမ်းစျေးရှိ ကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ်ဒီဇင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့် ငရုတ်သီးပွစျေးနှုန်းများမှာ  ၁ပိဿာလျှင် လက္ကားစျေး ၆၀၀၀ကျပ်နှင့် ၇၀၀၀ ကျပ်၊လက်လီစျေး  ၈၀၀၀ ကျပ်နှင့် ၉၀၀၀ကျပ်၊ ပန်းငရုတ်ပွတစ်ခုချင်းစျေးအနေဖြင့် ၃၀၀ ကျပ်နှင့် ၅၀၀ ကျပ်စျေး တို့ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။ 

DOCA(မန္တလေး)