မာလကာသီးဝင်ရောက်မှုအနည်းငယ်ကျဆင်းလျက်ရှိ

Powered by Drupal

   မန္တလေးစျေးကွက်သို့ ဒီဇင်ဘာလပထမပတ်အတွင်း မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်မာလကာသီးများ ဝင်ရောက်မှု ကျဆင်းလျက်ရှိပြီး၊ စျေးအနည်းငယ်မြင့်တက်သွားကြောင်းသိရှိရပါသည်။  ၂၀၂၅ ခုနှစ်ဒီဇင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ မာလကာသီး ၁ လုံး လျှင် အလုံး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၀၀၀ကျပ်၊   အလုံး(လတ်)  ၁၅၀၀ ကျပ် နှင့် ၂၀၀၀ ကျပ်၊ အလုံး (သေး)၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်စျေးတို့ ဖြင့် ရောင်းချလျက်ရှိပါသည်။ နတ်တော်လတွင် ဘုရား ပွဲတော်များ၊ အလှူပွဲများကျင်းပသည့် ရာသီချိန် ဖြစ်၍ မာလကာသီးများ အရောင်းသွက်လျှက်ရှိကြောင်း ရတနာပုံစျေးရှိ  သစ်သီးရောင်းချသူတစ်ဦး ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)