ဂန္ဓမာပန်းအမျိုးမျိုးစျေးနှုန်းကျဆင်းလျက်ရှိ

Powered by Drupal

   ဒီဇင်ဘာလပထမပတ်အတွင်း ဂန္ဓမာပန်းအမျိုးမျိုးဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးအနည်းငယ်ကျဆင်းသွားကြောင်း မန္တလေးပန်းစျေးကွက်အတွင်းမှ သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္တီလာခရိုင်နှင့် မြင်းခြံ ခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်၊တောင်ကြီးဒေသတို့မှ ထွက်ရှိ သည့်ဂန္ဓာမာပန်းများဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း အများဆုံး တွေ့ ရသော ဂန္ဓမာပန်းအမည်များမှာ ဆန်းမားဖြူ၊ ဆန်းမားဝါ၊ လပ်ကီးဖြူ၊ လပ်ကီးဝါ၊ လပ်ကီးနီ၊ ရွှေစိမ်း၊ကီလို၊ကြွေဖြူ၊ကြွေဝါ၊ချက်စိမ်း၊ပုလဲဖြူစသည်ဖြင့် အမျိုးမျိုးတွေ့ရှိရပါသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလပထမပတ်အတွင်း လက်လီစျေးအနေဖြင့် ဂန္ဓာမာပန်းကြွေဖြူ တစ်ရိုးတစ်ပွင့် (၁၀ ခက်ပါ) တစ်စီး လျှင် ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ ဆန်းမား၊ လပ်ကီး၊ ရွှေစိမ်း၊ ကီလို၊ ကြွေဖြူ၊ ကြွေဝါ၊ ချက်စိမ်းနှင့် ပုလဲဖြူတစ်စီးလျှင် ၃၀၀၀ ကျပ်နှင့် ၃၅၀၀ကျပ်စျေးဖြင့် ရောင်းချလျှက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)