
မန္တလေးစျေးကွက်သို့ ပုရစ်ဝင်ရောက်မှုကျဆင်းလာသည့်အတွက် စျေးမြင့်တက်သွားကြောင်း ရေကြည်ညောင်ပင်စျေးရှိ ပုရစ်စျေးကွက်မှ သိရှိရပါ သည်။ မြစ်ကြီးနား၊ ရွှေကူ၊ ကသာ၊ မတ္တရာ နှင့် ဆည်တော်လေးဒေသတို့မှ ဝင်ရောက်သည့်ပုရစ်အား မိုးပုရစ်နှင့်ဆောင်းပုရစ်နှစ်မျိုးခွဲခြားရောင်း လေ့ရှိပြီး၊မိုးပုရစ်မှာ အထီးနှင့်အမစျေး ကွာခြားမှု မရှိဘဲ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဆောင်းပုရစ်မှာ သီးတင်းကျွတ်လဆန်းပိုင်းမှစတင်ဝင် ရောက်လျက်ရှိပြီး၊ပုရစ်အမများတွင် ဥပါဝင်မှု များသဖြင့် လူကြိုက်များသကဲ့သို့ စျေးအနည်းငယ်မြင့် ကြောင်းသိရှိရပါသည်။ မန္တလေးမြို့၊ရေကြည် ညောင်ပင်စျေးရှိဆောင်းပုရစ်စျေးကွက်တွင် ၂၀၂၅ခုနှစ် ဒီဇင်ဘာလပထမပတ်အတွင်း လက္ကား စျေး မှာ ပုရစ်အကောင်ကြီး (၂၀၀ပါ) တစ်ထုပ်လျှင် ပုရစ် (အမ) ၅၈၀၀၀ ကျပ်နှင့် ၆၀၀၀၀ ကျပ်၊ ပုရစ် (အထီး) ၂၆၀၀၀ ကျပ်နှင့် ၃၀၀၀၀ ကျပ်၊ သဲပုရစ် ခေါ် ပဲပုရစ်(အကောင်သေး) (၂၀၀ပါ) တစ်ထုပ် လျင် ၁၅၀၀၀ကျပ်နှင့် ၁၇၀၀၀ ကျပ်၊ လက်လီစျေးမှာ ပုရစ် အကောင်ကြီး(၁၀၀)လျှင်ပုရစ်(အမ) ၃၀၀၀၀ကျပ်နှင့်၃၃၀၀၀ကျပ်၊ပုရစ်(အထီး)၁၅၀၀၀ ကျပ် နှင့် ၁၆၀၀၀ ကျပ်၊ သဲပုရစ်(အကောင်သေး) (၁၀၀)လျှင် ၈၀၀၀ ကျပ်နှင့် ၉၀၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
