
စျေးကွက်အတွင်းသို့ နတ်တော်လရာသီချိန်တွင် သစ္စာပန်းအမျိုးမျိုးဝင်ရောက်လျက်ရှိပြီး၊ အရောင်းသွက်ကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊မိတ္တီလာခရိုင်နှင့်မြင်းခြံခရိုင်တို့မှထွက်သည့် ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှ ထွက်ရှိသည့်သစ္စာပန်းအမျိုးမျိုးဝင် ရောက်မှုများပြားလျက် ရှိကြောင်း သိရှိရပါသည်။သစ္စာပန်းအပွင့်အရောင်မှာ အဖြူ၊ကြက်သွေးနီ၊မိတ်ကပ်ရောင်၊ပန်းရောင်၊ အဝါရောင်တို့တွေ့ရှိရပြီး၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလပထမပတ်အတွင်းဖြစ်ပေါ်သည့် လက်လီစျေးနှုန်း များမှာသစ္စာပန်း(၅ခက်ပါ)၁စီးလျှင် (ပန်းပွင့် ကြီး)၂၅၀၀ကျပ်နှင့်၃၅၀၀ကျပ်၊ (ပန်းပွင့်သေး) ၂၀၀၀ ကျပ်နှင့်၂၃၀၀ကျပ်စျေးတို့ဖြင့် ရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။ နတ်တော်လအတွင်း ဘုရားပွဲ နှင့်အလှူပွဲတော်များ ကျင်းပသည့်အချိန်ဖြစ်၍ သစ္စာပန်းမှာ စျေးကွက်အတွင်း ဝယ်ယူမှုများပြား လျှက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
