အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ထိုင်ဝမ်ခရမ်းချဉ်သီးဈေးနှုန်းမြင့်တက်လျက်ရှိ

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ကုန်စိမ်းသီးနှံ ဈေးကွက်တွင် ထိုင်ဝမ်ခရမ်းချဉ်သီးကို မြို့ပတ်ဝန်းကျင်ရှိ ရွာတော်၊ ပန်းတော်ပြင်၊ ဥယျာဉ်၊ ညောင်ပင် သာစသည့် ကျေးရွာများအပြင် မကွေး၊ မင်းဘူး၊ သရက်၊ တောင်တွင်းကြီးနှင့် ရှမ်းပြည်နယ် အောင်ပန်း မြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ထိုင်ဝမ်ခရမ်းချဉ်သီး ()ပိဿာလျှင် ကျပ်(၆၀၀၀) ဖြင့် ရောင်းချလျက်ရှိပြီး ယခင်(ပထမပတ်)တွင် ကျပ်(၄၅၀၀-၅၀၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်း ယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၁၀၀၀-၁၅၀၀) ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ မင်းလှမြို့ နယ်အတွင်းရှိ ဒေသတွင်း ခရမ်းချဉ်သီးစိုက်ခင်းများမှ ခရမ်းချဉ်သီးအသစ်များ ဈေးအတွင်းသို့ ဝင်ရောက်မှုများရှိလာသော်လည်း ရှမ်းပြည်နယ် အောင်ပန်းမြို့မှ အဓိကမှာယူရောင်းချရသည့်အတွက်  ဈေးနှုန်းမှာမြင့်တက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)