
မန္တလေးမြို့တွင်းသို့ စစ်ကိုင်း၊ မုံရွာ၊ တောင်တွင်းကြီး မန္တလေးအနီးတဝိုက်ရှိ ဒေသတို့တွင် နံနံပင်များ ဝင်ရောက်လျက်ရှိသည်။ ဗမာနံနံပင်ကို မြန်မာလူမျိုးတို့သည် ငါးနှင့်ချဉ်ရည်ဟင်း၊ ဟင်းချိုဟင်းတို့ချက်ပြုတ်ရာတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် စားသုံးရန်သာမက မုန့်ဟင်းခါး၊ ကြာဇံဟင်းတို့တွင်လည်း ပဲသီး၊ နံနံပင်များထည့်၍ စားသုံးကြသည်။ ယခုနှစ်တွင် ဗမာနံနံပင်များ ဈေးတက်လကျ်ရှိပြီး ယခင်နှစ်က (၁)စည်းလျင်(၂၀၀)ကျပ်ရှိခဲ့ပြီး ယခုနှစ်တွင်(၁)စည်းလျင်(၄၀၀/၅၀၀)ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိပြီး တစ်ပိဿာလျင်(၂၀၀၀၀/၂၅၀၀၀)ကျပ်တို့ဖြင့် ဝယ်ယူကြပြီး အစည်းအသေးလေးများခွဲစည်းကြ၍ မန္တလေးမြို့နယ်အတွင်းရှိ ဈေးကလေးများသို့ ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
DOCA(မန္တလေး)
