
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ငါးသလဲထိုးငါးများကို မြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့် ရေပုတ်၊ ပေါက်ကုန်း၊ သနပ်ပင်စုကျေးရွာများမှ လာရောက် ရောင်းချကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် ငါးသလဲထိုးငါးဈေးနှုန်းမှာ (၁၀)ကျပ်သားလျှင် ကျပ် (၃၅၀၀)၊ (၁)ပိဿာဈေးနှုန်းမှာ ကျပ်(၃၃၀၀၀)ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ ငါးသလဲထိုးငါးမှာ အသားနုပြီး အာဟာရဓါတ်အလွန်ပြည့်ဝ၍ ကျန်းမာရေးနှင့်ညီညွတ်ပြီး အရိုးပါမကျန် စားသုံးနိုင်သော ငါးဖြစ်သည့်အတွက် ငါးသလဲထိုးငါးများကို ငါးလေးအိုးကပ်ဟင်းအဖြစ် စားသုံးကြပါသည်။ ယခုအချိန် တွင် ခေတ်နှင့်အညီ ငါးသလဲထိုးငါးများကိုကြော်ကာ ထုတ်ပိုးရောင်းချနေမှုများကိုလည်း တွေ့ရသည်။
DOCA(မကွေး)
