
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ မင်းဘူးမြို့ပေါ်ရှိ ဆန်ဆိုင်များဖြစ်သော စန်းရတနာတင့်၊ စွယ်တော်၊ မွန်၊ ပြည့်စုံခိုင်၊ ဒေါ်ခင်ညွှန့်ဆန်ဆိုင်များသို့ (၂.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၃:၀၀)နာရီအချိန်တွင်သွားရောက်၍ MyRo တွင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းရေးသွင်းထားရှိမှု၊ ဈေးကွက်အတွင်း ပေါ်ဆန်းနှင့် ကုန်ဇောင်းဧရာပဒေသာဆန် များ လက်ရှိရောင်းချနေသည့် ဈေးနှုန်းများကောက်ခံခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဆိုင်များတွင် ရွှေဘိုပေါ်ဆန်း ဆန် လက်ကျန်မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဧရာဝတီပေါ်ဆန်း ဆန်မှာ ၂၀၂၅ခုနှစ်၊ ဩဂုတ်လတွင် သတ်မှတ်ထုတ်ပြန် ထားသည့်ဈေးနှုန်းများနှင့် ကွာဟမှု့မရှိကြောင်းနှင့် ပြည်သူများအား သင့်တင့်မျှတသော ဈေးနှုန်းများ ဖြင့် ရောင်းချစေရေးနှင့် ဆန်သိုလှောင်ရုံများ မှတ်ပုံတင်သက်တမ်းကုန်ပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်ရန် ဆန်ဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရ သည်။
DOCA(မကွေး)
