ရေနံချောင်းမြို့၌ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ဆေးနှင့်ဆေးပစ္စည်းများအား စျေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ပစ္စည်း ပြတ်လပ်မှုမရှိစေရေးအတွက် အပတ်စဉ် ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက် လျက်ရှိရာ (၂.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ရေနံချောင်းမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရပါသည်။

      ထိုသို့ စစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ တရားမဝင် တင်သွင်းလာသော ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ၊ ဆေးရောင်းချခွင့်လိုင်စင်များပြုလုပ်ထား ခြင်းရှိ/မရှိ၊ ဆေးနှင့်ဆေးပစ္စည်းများအား စျေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုရှိ/မရှိနှင့် ဆေးပစ္စည်း ပြတ်လပ်မှုမရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(မကွေး)