
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ အိမ်ခြံမြေများရှိ နေရာလွတ်များတွင် တစ်နိုင် တစ်ပိုင်နှင့်မြို့အနီးရှိ ကျေးရွာများတွင် ချဉ်ပေါင်ပင်များအား စိုက်ပျိုးလျက်ရှိပြီးဒေသတွင်း ဈေးကွက် အတွင်း ပို့ဆောင်ရောင်းချခြင်းဖြင့် ဝင်ငွေများရရှိလျက်ရှိသည်။
ဒေသတွင်းထွက်ရှိသော ချဉ်ပေါင်ရွက်များအား ကျေးရွာစျေးများနှင့် ထားဝယ်မြို့ပေါ်ရှိ ကိုယ်ပိုင်စျေးများ၊ စည်ပင်သာယာစျေးများတွင် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် ချဉ်ပေါင်ရွက်ဈေးနှုန်းမှာ တစ်စီးလျှင်(၁၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)
