ဒေသထွက် ကန်စွန်းရွက်၊ချဉ်ပေါင်ရွက် ဈေးနှုန်း

Powered by Drupal

  ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလဒုတိယပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့အနီးတဝိုက်ကျေးရွာများမှ ဒေသထွက် ကန်စွန်ရွက်၊ ချဉ်ပေါင်ရွက်များ ဈေးကောင်း ရလျက်ရှိကြောင်း သိရသည်။

    ကန်စွန်းရွက်နှင့်ချဉ်ပေါင်ရွက်ကို သုံးတတ်ရင်သုံးတတ်သလို ဟင်းဖြစ်စေသော မြန်မာအစား အစာတစ်မျိုး ဖြစ်သည်။ ကန်စွန်ရွက်နှင့်ချဉ်ပေါင်ရွက်ကို စားသုံးခြင်းသည် လူတို့၏ကျန်းမာရေးကို ကောင်းစွာအထောက်အကူ ပြုပေးနိုင်ပါသည်။ ကန်စွန်ရွက်နှင့်ချဉ်ပေါင်ရွက်၏ဈေးနှုန်းများမှာ ကန်စွန်းရွက် တစ်စည်းလျှင် (၅၀၀၊၇၀၀)ကျပ်နှင့် ကန်စွန်းရွက်(၃)စည်းလျှင် (၂၀၀၀)ကျပ်၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် (၅၀၀)ကျပ်နှင့် ချဉ်ပေါင်ရွက်(၅) တစ်စည်းလျှင် (၂၀၀၀)ကျပ်နှုန်း တို့ဖြစ် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)