
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့၊ နေ့ လယ်(၁၃:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ စိုက်ပျိုးရေးသုံးပိုးသတ်ဆေးအမျိုးမျိုး ရောင်းချနေသော အရောင်းဆိုင်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့ပေါ်ရှိ စိုက်ပျိုးရေးသုံးပိုးသတ် ဆေးအမျိုးမျိုးရောင်းချနေသော အရောင်းဆိုင်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော် မရှင်၏(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော စိုက်ပျိုး ရေးသုံးပိုးသတ်ဆေးများကိုသာ တင်သွင်းဖြန့်ဖြူးရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အရောင်းဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့် စိုက်ပျိုးရေးသုံးပိုးသတ်ဆေးများကိုသာ တင်သွင်းရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန်၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်လိုင်စင်သက်တမ်းတိုးဆောင်ရွက်သွားရန်၊ စီးပွားရေး လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန်နှင့် တရားမဝင်ကုန်စည်များ ရောင်းချခြင်း၏ ဆိုးကျိုးများအား အသိပညာပေးဈေးကွက်စောင့် ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(ကယား)
