အွန်လိုင်းစနစ်ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပြောကြားခြင်း

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့၊ နေ့လယ်( ၁၃:၀၀) အချိန်တွင် ကုန်သည်ကြီးများ အသင်းအစည်းအဝေးခန်းမ၌ ကော့သောင်း ကုန်သွယ်ရေးစခန်းမှ ကျင်းပပြုလုပ်သည့် ကုန်သွယ် မှုမြှင့်တင်ရေးအစည်းအဝေးတွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြသီတာ (ဦးစီးအရာရှိ)သည် စီးပွားရေးလုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ရောင်းချခြင်းလုပ် ငန်းများနှင့်စပ်လျဉ်း၍  အသိပညာပေးဆွေးနွေးပြောြကားခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စီးပွားရေးလုပ်ငန်း ရှင်များအား အွန်လိုင်းစနစ်ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အွန်လိုင်းရောင်းချခြင်း မှတ်ပုံ တင်လျှောက်ထားရာတွင် တင်ပြရမည့် အထောက်အထားများဖြစ်သည့် လုပ်ငန်းတည်ရှိသည့် လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ(လုပ်ငန်းအမည်ပါရှိရန်) ပိုင်ရှင်အတွက် ရပ်ကွက် ထောက်ခံစာ (နေထိုင်ကြောင်းဖြစ်ရန်)၊ ရဲစခန်းထောက်ခံစာ(ပိုင်ရှင်ပြစ်မှုကင်းရှင်းကြောင်း)၊ Business Logo ၊ ပိုင်ရှင်မှတ်ပုံတင်၊ ပတ်စ်ပို့တို့ကိုလိုအပ်မည်ဖြစ်ကြောင်း၊ မိမိလျှောက်ထားသည့် ပစ္စည်အမျိုးအစားနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်းစသည်တို့အား အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)