မုံရွာမြို့၊ ဈေးဟောင်းရှိ ဆလပ်ရွက်နှင့် အိုးမုန်ညှင်းရွက်ဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်ရှိ ကျေးရွာများတွင်  အသီးအရွက်များကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊  စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပါသည်။  စိုက်ပျိုးရေးသီးနှံများမှ ဆလပ်ရွက်နှင့်အိုးမုန်ညှင်းရွက်ကို ဒေသတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး လျှက်ရှိပြီး မုံရွာမြို့၊ ဈေးဟောင်းရှိ  ကုန်စိမ်းစျေးများတွင် ပြန်လည်ရောင်းချကြပါသည်။

     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် ဈေးဟောင်းတွင် ဖြစ်ပေါ်နေသော ဆလပ်ရွက်ဈေးနှုန်းမှာ ဆလပ်ရွက်တစ်စည်းလျှင် (၃၀၀)ကျပ်မှ(၄၀၀)ကျပ်၊ အိုးမုန်ညှင်းရွက် ဈေးနှုန်းမှာ အစည်းအကြီးအသေးပေါ်မူတည်၍ တစ်စည်းလျှင် (၃၀၀)ကျပ်မှ (၃၅၀)ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)