ဒေသထွက်ဆောင်းမြေပဲဈေးနှုန်း

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ ကရင်ပြည်နယ်ဒေသထွက် ဆောင်းမြေပဲများ စတင်ထွက်ရှိပြီး ဖြစ်သည်။ ဆောင်းမြေပဲများကို မြေနုကျွန်းများဖြစ်သော ကော့လုံကျွန်း၊ မိန်းမလှကျွန်း၊ မင်းဆီ၊ ကော့ထော်၊ ဝါးစူးနှင့် ရွှေဂွန်းစသော နယ်များမှ ဦးစွာထွက်ရှိကြောင်း သိရသည်။ ပေါ်ဦးပေါ်ဖျားဖြစ်၍ အထွက်နှုန်းနည်းပါးသေးသောကြောင့် ဈေးကောင်းရကြောင်းနှင့် ဒေသထွက်ဆောင်းမြေပဲ ဒေသ ပေါက်ဈေးတစ်ပြည်လျှင် (၅၀၀၀/၆၀၀၀)ကျပ် နှင့် ပြုတ်ပြီးသားမြေပဲ တစ်ဘူးလျှင်(၁၀၀၀)ကျပ် တို့ဖြစ် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)