ပန်းတနော်မြို့နယ်၌ မြေပဲဆန်များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေ

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်၌ မြေပဲဆန်များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း   အရောင်းအဝယ်ကောင်းလာခြင်းသည်  မြေပဲဆီကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းများက မြေပဲဆန်များ ဝယ်လိုအားကောင်းလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။   

       ပန်းတနော်မြို့နယ် ပဲဈေးကွက်၌  ယခုနှစ် စက်တင်ဘာလ ဒုတိယ ပတ်မှစ၍   မြေပဲဆန်များ  အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊  အဆိုပါမြေပဲဆန်များ လက်ရှိပဲဈေးကွက်ထဲကို ဒေသထွက်မြေပဲတွေအပြင်  တခြားဒေသကနေ  မိုးမြေပဲတွေပါ ဝင်ရောက်လျက်ရှိပါသည်။ မိုးမြေပဲများ ဈေးကွက်အတွင်း စက်တင်ဘာလ (တတိယပတ်) တွင် မြေပဲဆန်အိတ်ရေ (၃၀၀/၄၀၀)ခန့် နေ့စဉ်ဝင်ရောက်လျက်ရှိပြီး မြေပဲဆန် ဈေးနှုန်းများအနေဖြင့် နိုဝင်ဘာလ (တတိယပတ်) တွင် ဆီဆန် (အဖြူ) တစ်ပိဿာလျှင် (၉,၅၀၀) ကျပ်၊ ဆီဆန် (အနီ) တစ်ပိဿာလျှင် (၉၅၀၀) ကျပ်နှင့် လုံးဆန် (အဖြူ) တစ်ပိဿာလျှင် (၈၅၀၀)ကျပ်၊ လုံးဆန်(အနီ) တစ်ပိဿာလျှင် (၈,၇၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ စက်တင်ဘာလ (ပထမပတ်) နှင့် နှိုင်းယှဉ်လျှင် မြေပဲဆန်ဈေးနှုန်း (၃၀၀)ကျပ်ထိ အနည်းငယ်ကျဆင်းပြီး ဈေးနှုန်းကျဆင်းရခြင်းမှာ မြေပဲဆန်များ ဈေးကွက်အတွင်း လှိုင်လှိုင်ဝင်ရောက်လာခြင်းကြောင့် ကျဆင်းရခြင်းဖြစ်ကြောင်း သိရသည်။

        ပန်းတနော်မြို့နယ်မှ စားသောက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူများသည်မြေပဲဆန်များကို ဝယ်ယူကြိတ်ခွဲပြီး မြေပဲဆီ၊ မြေပဲဆန်၊ မြေပဲအခွံပါ စသည်ဖြင့် ပုံစံအမျိုးမျိုးထုတ်လုပ်ကာ ဝယ်ယူသည့်ဒေသများသို့ စနစ်တကျထုပ်ပိုး တင်ပို့ရောင်းချလျက်ရှိကြောင်း   သိရှိရပါသည်။    

DOCA(ဧရာဝတီ)