ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသော ပန်းမျိုးစုံဈေးနှုန်း

Powered by Drupal

      ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ဘုရားပန်းမျိုးစုံရောင်းချလျက်ရှိရာ ရာသီအလိုက်‌ပေါ်သည့် ပန်းများအပြင် ဆယ်နှစ်ရာသီလုံးရရှိသည့်ပန်းများကိုလည်း ရောင်းချလျက်ရှိရာ နှင်းဆီပန်း၊ သစ္စာပန်း၊ ဂန္ဓာပန်း၊ ရွှေပန်း၊ ငွေပန်း၊  အောင်သပြေ၊ ညိုချောသပြေ၊ တော်ဝင်သပြေ၊ ပတ္တမြားသပြေနှင့် အာဆီယံသပြေဟူ၍ ပန်းမျိုးစုံ ရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ် ဒီဇင်ဘာလ (ပထမ)ပတ်တွင် ဖြစ်ပေါ်နေသော ပန်းမျိုးစုံဈေးနှုန်းမှာ နှင်းဆီပန်း(၁)ပွင့်လျှင် (၇၀ဝိ/-)ကျပ်၊ (၁၀)ပွင့် (၁)စည်းလျှင် (၆၀၀ဝိ/-)ကျပ်၊ သစ္စာပန်း(၁)စည်းလျှင် (၁၅၀ဝိ/-)ကျပ်၊ ဂန္ဓာပန်းတွင် အဖြူနှင့် အဝါ ဟူ၍ (၂)မျိုး ရှိကြောင်း၊  ဂန္ဓာပန်း (၁)စည်းလျှင် (၁၃၀ဝိ/-)ကျပ်၊ ရွှေပန်း ငွေပန်း(၃)ပွင့်ပါ (၁)ကုံးဖြင့် အ ကုံး(၂၅)ကုံးလျှင် (၁၅၀ဝိ/-)ကျပ်၊ အောင်သပြေ လက်တစ်ဆုပ်စာ(၁) စည်းလျှင် (၇၀ဝိ/-)ကျပ်၊ တော်ဝင်သပြေလက်တစ်ဆုပ်စာ (၁)စည်းလျှင် (၇၀ဝိ/-)ကျပ်မှ (၁၀၀ဝိ/-) ကျပ်၊ ပတ္တမြားသပြေ လက်တစ်ဆုပ်စာ (၁)စည်းလျှင် (၇၀ဝိ/-)ကျပ်၊ အာဆီယံသပြေလက် တစ်ဆုပ်စာ(၁)စည်းလျှင် (၇၀ဝိ/-)ကျပ်မှ (၁၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ညိုချောသပြေ လက်တစ်ဆုပ်စာ (၁) စည်း လျှင် (၂၀၀ဝိ/-)ကျပ်မှ (၃၀၀ဝိ/-)ကျပ်ရောင်းချပြီး ညိုချောသပြေမှာ အခြားသပြေများ ထက် ဈေးပို ပေးရကြောင်း ပန်းရောင်းချသည့် ဈေးသည်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)