တောင်ငူဒေသထွက် ရွှေဝါအမှတ်တံဆိပ်မြေပဲဆီ ဈေးနှုန်းဈေးကွက်

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းတွင် မြို့နယ်အလိုက် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်း များစွာလုပ်ကိုင်ကြသော လုပ်ငန်းရှင်များစွာရှိပြီး လုပ်ငန်းပေါင်းများစွာအနက် တောင်ငူခရိုင်၊ ကျွန်းကုန်း ကျေးရွာတွင်တည်ရှိသော ခိုင်ရွှေဝါဆီစက်မှထုတ်လုပ်ဖြန့်ဖြူးရောင်းချသော “ရွှေဝါပဲဆီသန့်” လုပ်ငန်းသည် နှစ်ပေါင်းများစွာမှယနေ့ကာလအထိ လူသိများကျော်ကြားလျက်ရှိပြီး လူကြိုက်များလှသော ဒေသထွက်ကုန် ပဲဆီသန့်တစ်မျိုးဖြစ်ပါသည်။

   ရွှေဝါအမှတ်တံဆိပ်ပဲဆီသန့်သည် ပဲဆီအနံ့မွှေးသောပစ္စည်းများကို ရောနှောထားခြင်းမရှိပဲ ရာခိုင်နှုန်းပြည့်ဝသော ပဲဆီသန့်ဖြစ်သည့်အတွက် လူမျိုးဘာသာမရွေးစားသုံးနိုင်ပြီး ကျန်းမာရေး နှင့်လည်းအထူးသင့်တော်ပါသည်။ ပဲဆီသန့်ထုတ်လုပ်ရာတွင် ကုန်ကြမ်းများကို ရေတာရှည်မြို့နှင့် လယ်ဝေးမြို့နယ်များမှ အများဆုံးဝယ်ယူရပြီး တောင်ငူခရိုင်အတွင်းနှင့်အနီးတစ်ဝိုက်ဒေသများမှ ရာသီကုန်ဆုံးချိန် ကုန်ကြမ်းများ ပြတ်လပ်ပါက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့မှဝယ်ယူရပါသည်။

  မြေပဲဆီကို မြေပဲဆံ ၂၆ ပိဿာခန့်ကြိတ်ခွဲပါက မြေပဲဆီ (၁၀)ပိဿာဝင်ဆံ့သော ဆီ(၁)ပုံး ရရှိပြီး ရရှိလာသော မြေပဲဆီများကို ၅၀ ကျပ်သားလျှင် ၉၀၀၀ ကျပ်၊ ၁ ပိဿာလျှင် ၁၇၅၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိပါသည်။ ၁၀ ပိဿာနှင့်အထက်ဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲရှိကြောင်း၊ တောင်ငူခရိုင်အတွင်းတွင် လည်းဆိုင်ခွဲများဖွင့်လှစ်ထားသည့်အပြင် တောင်ငူမြို့နှင့်အနီးတစ်ဝိုက် အခြားမြို့နယ်များသို့လည်း ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း မေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)