ပန်းတနော်မြို့နယ် ပုဂ္ဂလိက၊ လူပုဂ္ဂိုယ်၊ လုပ်ငန်းရှင် များဖြစ်သည့် ဆန်ဆိုင်နှင့် ဆန်စက် သိုလှောင်ရုံ များအား ရထုတ်ကျန် မြေပြင်စာရင်းများ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာ ဦးစီးဌာန နှင့်  မြန်မာဆန် စပါးအွန်လိုင်း(MyRO) ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး (MyRO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည် တိုးနိုင်ရေး နှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို စာရင်း ထည့်သွင်းပေးနိုင်ရေး၊ ရေးသွင်းသော စာရင်းအချက်အလက်များနှင့် မြေပြင်ရှိ ကုန်လက်ကျန် စာရင်းကိုက် ညီမှုရှိ/မရှိ ကို ပန်းတနော်မြို့နယ် တာဝန်ခံရုံးမှ တာဝန်ရှိသူများက   ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ (၁၇.၁၁.၂၀၂၅)ရက်နေ့၊ ညနေ ၁၅:၀၀ နာရီအချိန်တွင် အလယ်ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ အရှေ့ပိုင်းရပ်ကွက်နှင့် ကမ်းနားလမ်းရှိ ဆန်ဆိုင်ကြီးများနှင့် မြို့နယ်အနီးရှိ ဆန်သိုလှောင်ရုံများ၏ ရ၊ ထုတ်၊ကျန် မြေပြင်အခြေအနေများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

   ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆန်သိုလှောင်ရုံသို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင် များအနေဖြင့် ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်မှုရှိရန်နှင့် လိုက်နာမှုမရှိသော လုပ်ငန်း ပိုင်ရှင်များအား စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်ခြင်းများရှိကြောင်း၊ လစဉ် လဆန်းရက်နှင့် စတုတ္ထပါတ် ရက်များတွင် သိုလှောင်မှု အခြေအနေများကို ကွင်းဆင်းစာရင်းကောက်ယူစစ်ဆေးပြီး  အသိပေး ဆွေးနွေး၍ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

DOCA (ဧရာဝတီ)