
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာ၀န်ခံနှင့်နှင့် ဝန်ထမ်း များသည် (၂၁.၁၁.၂၀၂၅) နေ့၊နေ့လယ်(၁၂:၀၀)အချိန်တွင် ဒေးဒရဲမြို့နယ် တော်လှ ကျေးရွာသို့ သွားရောက်၍ ဇမ္ဗူထွန်းဆန်စက်တွင် ဆန်စပါး ဝယ်ယူကြိတ်ခွဲမှု၊ စပါးဆန်ဈေးကွက် အခြေအနေများ၊ သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှု ရှိ/မရှိ၊ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကို ကွင်းဆင်း လေ့လာဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန်ဖြူးရောင်းချရာတွင် ထုတ်ကုန် လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေးခြင်းနှင့် စပါး/ဆန် သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှုကိုစစ်ဆေးခြင်း၊ သက်တမ်းတိုးရန်ရှိပါက သက်တမ်းတိုး ဆောင်ရွက်ရန်ကိုလည်းကောင်း၊ ဆန်စက်တွင် ဆန်လက်ကျန်၊ ဆန်သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်တင်ပိုမှု အခြေအနေများ၊ ရန်ကုန်ဆန်တင်ပို့မှုအခြေအနေများကို စစ်ဆေးခဲ့ပြီး ဆန်စက်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရေအတွက် ဆန်စက်လုပ်ငန်းရှင်များနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
(Doca ဧရာဝတီ)
