ဒေးဒရဲမြို့နယ်ဆန်စက်လုပ်ငန်းရှင်များအား MyRoတွင်ဆန်စပါးလက်ကျန် စာရင်းဖြည့်သွင်း နိုင်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

   ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်တာ၀န်ခံသည် ၂၀၂၅ခုနှစ်၊
နို၀င်ဘာလ၂၁ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက် ကမ်းနားလမ်းရှိဆန်စက် အသင်းရုံးတွင် ဆန်စက်ပိုင်ရှင်(၈)ဦးအား MyRoတွင် ဆန်စပါးလက်ကျန်စာရင်းဖြေသွင်းနိုင်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
     ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာ၀န်ခံက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် စားသုံးသူရေး
ရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါးအွန်လိုင်း (MyRo)မှတ်ပုံတင်ထားသည့်သတ်မှတ်ပမာဏထက် ပိုမိုသိုလှောင်ခွင့်မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့် ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား လစဉ်လဆန်း၁ရက်နေ့မှ ၇ရက်အတွင်း Updateဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်းတစ်နှစ်ပြီးမြောက်ပြီးပါက သက်တမ်းတိုးနိုင်ရေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(Doca ဧရာဝတီ)